ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ရေဘေးဒဏ်ခံစားနေရသည့် ပြည်သူများထံသို့ ဧရာဝတီဖောင်ဒေးရှင်းနှင့် Max Cement မှ ဝန်ထမ်းများ စားသောက်ကုန်များ သွားရောက်ကူညီ

ဧရာဝတီဖောင်ဒေးရှင်းနှင့်အတူ Max Cement မှ ဝန်ထမ်းမိသားစုများသည် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျခဲ့သဖြင့် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေသည့် ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် ယင်းပတ်ဝန်းကျင်ရှိ မြို့များမှ ရေးဘေးသင့် ပြည်သူများထံသို့ ၂၀၁၈ခုနှစ် သြဂုတ်လ ၂၉ရက်နေ့တွင် သွားရောက်၍ ကူညီထောက်ပံ့မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ယနေ့ နံနက် ၆နာရီခန့်အချိန်တွင် ရေပိုလွှဲမှ ရေစီးရေကျော် အရှိန်များမှုကြောင့် ရေပိုလွှဲ ယာဘက်အခြမ်း ပဲ့ကျခဲ့သဖြင့် ရေထွက်မှုများလာပြီး မူလချောင်း ရေပြည့်ရေလျှံကာ ရေကြီးနစ်မြုပ်နေသည့် မြို့နယ်များထဲမှ ရေဘေးဒဏ်ခံ ပြည်သူထံသို့ ဆန်၊ ဆီ၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်များ
သွားရောက် လှူဒါန်းခဲ့ကြပါသည်။

ဧရာဝတီဖောင်ဒေးရှင်းနှင့် Max Cement မှ ဝန်ထမ်းများသည် မြို့လှမြို့ရှိ မာန်တောင်ဘုန်းကြီးကျောင်း၊ သာဂရ ဘုန်းကြီးကျောင်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၁၆၉) သို့ရောက်ရန် ၃ နာရီကျော် လမ်းလျှောက်ရသည့် ကျွန်းတောစု နှင့် သိုင်းဝ ကျေးရွာအုပ်စု (၁၂ ရွာ) ရေဘေးဒဏ်ခံ ပြည်သူများထံသို့ လတ်တလော အသုံးပြုနိုင်ရန် ဆန် ၊ ဆီ၊ ရေသန်နှင့် ခေါက်ဆွဲခြောက်များကို သွားရောက်၍ ကနဦးလှူဒါန်းခဲ့ပါသည်။

အဆိုပါ ရေကြီးရေလျှံမှုများကြောင့် ကျေးရွာအုပ်စု ၁၄ စုမှ အိမ်ထောင်စု ၁၂၄၂၁ စုတွင် လူဦးရေ ၅၄၂၀၁ ဦး ရေနစ်မြှုပ်မှုခံနေရကြောင်း ပဲခူးတိုင်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ အတည်ပြု သတင်းထုတ်ပြန်ထားပါသည်။