ရေဘေးဒဏ်ခံ ပြည်သူများအတွက် ဆန်၊ ဆီ၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်များ ဧရာဝတီဖောင်ဒေးရှင်းမှ သွားရောက်လှူ ဒါန်း

ဧရာဝတီဖောင်ဒေးရှင်းနှင့်အတူ Max Myanmar Hoding Co.,Ltd. ၊ AYA Financial Group တို့မှ အတူတကွ ပူးပေါင်း၍ ၂၀၁၈ခုနှစ် ဇူလိုင်လ ၂၈ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ် ဘီးလင်းနှင့် ကရင်ပြည်နယ် ဘားအံမြို့များမှ သဘာဝရေဘေး ဒဏ်ခံစားနေသည့် ပြည်သူများထံသို့ သွားရောက်၍ စားသောက်ကုန်များကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဒဏ် ခံစားနေသည့် ပဲခူးတိုင်းဒေသကြီးမှ ပြည်သူများအတွက် ဆန်အိတ် ၅၀၀၊ ဆီ၅၀၀ပိသာ၊ ရေသန့်ကတ် ၅၀၀ ၊ မွန်ပြည်နယ် ကျိုက်ထို ဘီးလင်းမှ ဒေသခံပြည်သူများအတွက် ဆန်အိတ်၅၀၀၊ ဆီ၅၀၀ပိသာ၊ ရေသန့်ကတ် ၇၀၀နှင့် ခေါက်ဆွဲခြောက် ၂၀၀ဖာတို့ကို သွားရောက်ကူညီခဲ့ပါသည်။ ထိုပြင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ရေဘေးဒဏ်ခံစားနေရသည့် ပြည်သူများအတွက် ဆန်အိတ် ၅၀၀၊ ဆီပိဿာ ၇၅၀ နှင့် ရေသန့်ကတ် ၅၀၀ကို သွားရောက်၍ ကနဦးလှူ ဒါန်းလျှက်ရှိပါသည်။

d