ဧရာဝတီဖောင်ဒေးရှင်းနှင့် မက်စ်ဘိလပ်မြေစက်ရုံတို့ပူးပေါင်းကာ ဝန်ထမ်းမိသားစုများ၏သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးခြင်းနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့

ဧရာဝတီဖောင်ဒေးရှင်းနှင့် မက်စ်ဘိလပ်မြေစက်ရုံတို့ပူးပေါင်းကာ ဝန်ထမ်းမိသားစုများ၏သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးခြင်းနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်လျှက်ရှိရာ ယခု၂၀၁၈-၂၀၁၉ခုနှစ်အတွက် ထောက်ပံ့ပေးခြင်းအခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့ (တနင်္လာနေ့)တွင် မက်စ်ဘိလပ်မြေစက်ရုံ ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို Max Cement ၏ CEO Mr. Yves မှ အဖွင့်အမှာစကားပြောကြားပြီးစတင်ခဲ့ကာ COO ဦးစောမြသောင်း နှင့် Head of Cement Factory ဖြစ်သူ ဦးမြင့်စိန် တို့မှ စာရေးကိရိယာ နှင့် ပညာသင်စရိတ်ပေးအပ်ရခြင်း နှင့် ပတ်သက် ၍ အမှာစကားအသီးသီးပြောကြားခဲ့ပါသည်။

ထို့နောက် မက်စ်ဘိလပ်မြေစက်ရုံ နှင့် ရုံးချုပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းမိသားစုများ၏ သားသမီးများ အရေအတွက် စုစုပေါင်း (၁၀၀) ကျော်ဦးရေ အတွက် စာရေးကိရိယာ နှင့် ပညာသင်စရိတ်တို့အား ကျောင်းသားမိဘနှင့် ကျောင်းသား/ကျောင်းသူကိုယ်စားလှယ်များထံသို့ မူလတန်း၊အလယ်တန်း နှင့် အထက်တန်းအဆင့် များအတွက် အသီးသီးထောက်ပံ့ပေးအပ် ခဲ့ပါသည်။

ထို့အပြင် ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့သော (၆)ဘာသာ ဂုဏ်ထူးရှင် မမျိုးမြတ်ပွင့်ဖြူ ၊ (၃) ဘာသာ ဂုဏ်ထူးရှင် မောင်ကျော်ဇင်ထက်၊ (၁) ဘာသာ ဂုဏ်ထူးရှင် မသန်းဆုမျိုး နှင့် မောင်ကောင်းခန့်ကျော် တို့အား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ကျောင်းသားမိဘများကိုယ်စား ကျောင်းသားမိဘတစ်ဦး မှ ပေးအပ်လှူဒါန်းမှုများအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ ကြွရောက်လာသော ဧည့်သည်တော်များအတွက် လက်ဖက်ရည် နှင့် မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကာ အခမ်းအနားကိုအောင်မြင်စွာဖြင့် ပြီးဆုံးကြောင်း ကြေငြာခဲ့ပါသည်။