Max Myanmar Group နှင့် AYA Financial Group မိသားစုတို့၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ နှင့် တရားအလှူတော်မင်္ဂလာ

Max Myanmar Group နှင့် AYA Financial Group မိသားစုတို့၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ နှင့် တရားအလှူတော်မင်္ဂလာ အခမ်းအနားကို ၂၀၁၈ ခုနှစ် ဩဂုတ်လ (၈)ရက် ဗုဒ္ဓဟူးနေ့ ည (၇:၀၀) နာရီအချိန်တွင် Novotel Yangon Max Hotel ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝထ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်း ခဲ့ကြပါသည်။

ထို့နောက်တွင် တရားနာပရိသတ်အပေါင်းမှ သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿရထံတွင် ငါးပါးသီလခံယူခဲ့ကြပြီး ဆရာတော်ကြီး
ဟောကြားတော်မူခဲ့သည့် ဆင်ကြီးတစ်ကောင်နှင့် မျက်မမြင် ၉ဖွဲ့အကြောင်း တရားတော်ကို နာယူခဲ့ကြပါသည်။

တရားနာယူအပြီးတွင် Max Myanmar Group နှင့် AYA Financial Group မိသားစုတို့သည် နဝကမ္မအလှူတော်ငွေ ကျပ် သိန်း (၄၀၀) နှင့် အမေရိကန်ဒေါ်လာ (၁၀၀၀) တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှူ အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။