ဧရာဝတီဖောင်ဒေးရှင်း၏ ကူညီလှူဒါန်းမှုများတွင် ပါဝင်ရန် Novotel Yangon Max Hotelနှင့် ဝန်ထမ်းများမှ စုပေါင်းအလှူငွေကျပ် (၅၈)သိန်း ပေးအပ်လှူဒါန်း

သဘာဝဘေး အန္တရာယ်များကြောင့် အကူအညီ လိုအပ်နေသူများအတွက် ရည်ရွယ်၍ Novotel Yangon Max Hotel နှင့် ဝန်ထမ်းများမှ မိမိတို့၏ လစဉ်ဝင်ငွေများထဲမှ စုဆောင်းလျက်ရှိသည့် စုပေါင်းအလှူငွေကျပ် (၅၈)သိန်း ဧရာဝတီဖောင်ဒေးရှင်းထံသို့ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ၂၀၁၈ခုနှစ် သြဂုတ်လ ၉ရက်နေ့ နံနက်ပိုင်းတွင် Novotel Yangon Max Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Novotel Yangon Max Hotel မှ ဝန်ထမ်းများအနေဖြင့် social welfare ကော်မတီကို ဖွဲ့စည်းခဲ့ပြီး မိမိတို့၏ လစဉ်ဝင်ငွေများထဲမှ အချိုးကျကို စုဆောင်းထားပြီး အကူအညီလိုအပ်နေသည့် နေရာများကို လှူဒါန်းမှုများပြုလုပ်လျက်ရှိရာတွင် ဧရာဝတီဖောင်ဒေးရှင်း၏ သဘာဝဘေးအန္တရယ် ကယ်ဆယ်ရေး အကူအညီများတွင် ပါဝင်ကုသိုလ် ရယူနိုင်ရန်အတွက် လှူဒါန်းပေးအပ် ခဲ့ခြင်းဖြစ်သည်။ ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက Novotel Yangon Max Hotel မှ ဝန်ထမ်းများမှ သဘာဝဘေးအန္တရယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် လုပ်အားဒါနပါဝင်ရန်၊ သွေးလှူဒါန်းခြင်း အစီအစဉ်များနှင့် ရန်ကင်းကလေး ဆေးရုံကြီး သန့်ရှင်းရေး လုပ်အားပေးမှုများတွင် ပါဝင်ကုသိုလ်ယူရန် စီစဉ်နေမှုများအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ကြိုဆိုပါကြောင်းနှင့် ငွေကျပ် (၅၈)သိန်း လှူဒါန်းမှုကို လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။