ဆွာချောင်းရေလှောင်တမံ ရေဘေးဒဏ်ခံ ပြည်သူများအတွက် အခြေခံစားသောက်ကုန်နှင့် အလှူငွေများကို ISY မှ ကျောင်းသား၊ ကျောင်းသူများက ဧရာဝတီဖောင်ဒေးရှင်းမှ တဆင့် လှူဒါန်း

အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း ရန်ကုန်မြို့ (ISY – The International School Yangon)မှ ကျောင်းသား၊ ကျောင်သူများက ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျခဲ့သဖြင့် ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးဒဏ် ခံစားခဲ့ရသည့် ပြည်သူများအတွက် ရည်ရွယ်လှူဒါန်းသည့် အစားအသောက်နှင့် အလှူငွေများကို ဧရာဝတီဖောင်ဒေးရှင်းသို့ ပေးအပ်လှူဒါန်းမှု အစီအစဉ်ကို ၂၀၁၈ခုနှစ် အောက်တိုဘာလ ၂၉ရက်နေ့ ညနေ ၃နာရီခွဲတွင် ISY – The International School Yangon … Continue reading ဆွာချောင်းရေလှောင်တမံ ရေဘေးဒဏ်ခံ ပြည်သူများအတွက် အခြေခံစားသောက်ကုန်နှင့် အလှူငွေများကို ISY မှ ကျောင်းသား၊ ကျောင်းသူများက ဧရာဝတီဖောင်ဒေးရှင်းမှ တဆင့် လှူဒါန်း

ရန်ကင်းကလေးဆေးရုံကြီး (၆)ထပ်တိုးချဲ့ဆောင်သစ်အတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ငွေကျပ် သိန်းတစ်ထောင်လှူဒါန်း

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာနမှ အသစ်ဆောက်လုပ်ခဲ့သည့် ရန်ကင်းကလေးဆေးရုံကြီး (၆)ထပ်တိုးချဲ့ဆောင်သစ် (Cardiac Complex) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၂ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ရန်ကင်းကလေးဆေးရုံကြီး (၆)ထပ် တိုးချဲ့ဆောင်သစ်အတွက် လိုအပ်သည်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် သိန်းတစ်ထောင်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ရန်ကင်းကလေးဆေးရုံကြီး (၆)ထပ်တိုးချဲ့ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး … Continue reading ရန်ကင်းကလေးဆေးရုံကြီး (၆)ထပ်တိုးချဲ့ဆောင်သစ်အတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ငွေကျပ် သိန်းတစ်ထောင်လှူဒါန်း

ရန်ကင်းကလေးဆေးရုံကြီး ကလေးနှလုံးခွဲစိတ်ဌာန နှင့် Mission Bambini Foundation တို့ ကလေးနှလုံးရောဂါများ ပူးပေါင်းခွဲစိတ်ခဲ့

ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ၂၀၁၈ခုနှစ် စက်တင်ဘာလ ၁၂ရက်နေ့ နံနက်ပိုင်းတွင် ရန်ကင်းကလေး ဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်ခိုင် နှင့်အတူ ကလေးနှလုံးခွဲစိတ်ဌာန ပါမောက္ခ ဆရာမကြီး ဒေါ်ဝင်းဝင်းကျော် ဦးဆောင်၍ ပူးတွဲခွဲစိတ်မှုများ ပြုလုပ်နေသော Mission Bambini Foundation အင်္ဂလန်နိုင်ငံမှ ကလေးနှလုံးခွဲစိတ် ဆရာဝန်ကြီး Dr.Nicola Viola တို့နှင့် ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဧရာဝတီ ဖောင်ဒေးရှင်း အနေဖြင့် Mission … Continue reading ရန်ကင်းကလေးဆေးရုံကြီး ကလေးနှလုံးခွဲစိတ်ဌာန နှင့် Mission Bambini Foundation တို့ ကလေးနှလုံးရောဂါများ ပူးပေါင်းခွဲစိတ်ခဲ့

ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ရေဘေးဒဏ်ခံစားနေရသည့် ပြည်သူများထံသို့ ဧရာဝတီဖောင်ဒေးရှင်းနှင့် Max Cement မှ ဝန်ထမ်းများ စားသောက်ကုန်များ သွားရောက်ကူညီ

ဧရာဝတီဖောင်ဒေးရှင်းနှင့်အတူ Max Cement မှ ဝန်ထမ်းမိသားစုများသည် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျခဲ့သဖြင့် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေသည့် ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် ယင်းပတ်ဝန်းကျင်ရှိ မြို့များမှ ရေးဘေးသင့် ပြည်သူများထံသို့ ၂၀၁၈ခုနှစ် သြဂုတ်လ ၂၉ရက်နေ့တွင် သွားရောက်၍ ကူညီထောက်ပံ့မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ယနေ့ နံနက် ၆နာရီခန့်အချိန်တွင် ရေပိုလွှဲမှ ရေစီးရေကျော် အရှိန်များမှုကြောင့် ရေပိုလွှဲ ယာဘက်အခြမ်း ပဲ့ကျခဲ့သဖြင့် ရေထွက်မှုများလာပြီး မူလချောင်း ရေပြည့်ရေလျှံကာ ရေကြီးနစ်မြုပ်နေသည့် မြို့နယ်များထဲမှ ရေဘေးဒဏ်ခံ … Continue reading ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ရေဘေးဒဏ်ခံစားနေရသည့် ပြည်သူများထံသို့ ဧရာဝတီဖောင်ဒေးရှင်းနှင့် Max Cement မှ ဝန်ထမ်းများ စားသောက်ကုန်များ သွားရောက်ကူညီ

ဧရာဝတီဖောင်ဒေးရှင်း၏ ကူညီလှူဒါန်းမှုများတွင် ပါဝင်ရန် Novotel Yangon Max Hotelနှင့် ဝန်ထမ်းများမှ စုပေါင်းအလှူငွေကျပ် (၅၈)သိန်း ပေးအပ်လှူဒါန်း

သဘာဝဘေး အန္တရာယ်များကြောင့် အကူအညီ လိုအပ်နေသူများအတွက် ရည်ရွယ်၍ Novotel Yangon Max Hotel နှင့် ဝန်ထမ်းများမှ မိမိတို့၏ လစဉ်ဝင်ငွေများထဲမှ စုဆောင်းလျက်ရှိသည့် စုပေါင်းအလှူငွေကျပ် (၅၈)သိန်း ဧရာဝတီဖောင်ဒေးရှင်းထံသို့ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ၂၀၁၈ခုနှစ် သြဂုတ်လ ၉ရက်နေ့ နံနက်ပိုင်းတွင် Novotel Yangon Max Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ Novotel Yangon Max Hotel မှ ဝန်ထမ်းများအနေဖြင့် … Continue reading ဧရာဝတီဖောင်ဒေးရှင်း၏ ကူညီလှူဒါန်းမှုများတွင် ပါဝင်ရန် Novotel Yangon Max Hotelနှင့် ဝန်ထမ်းများမှ စုပေါင်းအလှူငွေကျပ် (၅၈)သိန်း ပေးအပ်လှူဒါန်း