About Us

Chairman

“ We will give our best efforts to help creating our land Myanmar a better place to live. ”

 

ဥက္ကဌ ၏ အမှာစာ

မိမိငယ်စဉ်အခါက မပြည့်စုံတဲ့ဘဝအခြေအနေဖြင့် နယ်မြို့လေးတစ်ခုတွင် ကြီးပြင်းခဲ့ရသောကြောင့် အခြေခံလူတန်းစားများ၏ ဘဝရုန်းကန်မှုအပေါ် များစွာခံစား နားလည်မိပါသည်။ ပြည်ပတွင် သွားရောက်လုပ်ကိုင်စဉ်တွင်လည်း အခြားနိုင်ငံများနှင့် အစစအရာရာ ကွာဟနေသည့် မိခင်နိုင်ငံအတွက် တတ်စွမ်းသရွေ့ အားပေးကူညီလုပ်ဆောင်ပေးမည်ဟု သံန္နိဋ္ဌာန်ချခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် မိခင်နိုင်ငံသို့ ပြန်ရောက်ချိန်တွင် မီးသတ်ကားများ လှူဒါန်းခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေး အစရှိသည် တို့ကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ၂ဝဝ၈ ခုနှစ် မေလတွင် မြန်မာ့သမိုင်း၌ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ဖြစ်သည့် နာဂစ်မုန်တိုင်းဝင်ရောက် တိုက်ခတ်ခြင်း နှင့်အတူ မိမိမွေးရပ်ဒေသဖြစ်သော ဧရာဝတီတိုင်းဒေသကြီးတွင် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ လူထောင်ပေါင်းများစွာ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးပျက်စီးခဲ့ရပါသည်။ မိမိအနေဖြင့် နာဂစ်မုန်တိုင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ တစ်နှစ်ကြာအထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လုပ်ကိုင်ခဲ့ရာ လူ့အသက်ပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါသည်။ ထို့ကြောင့် တိုတောင်းလှသည့် လူ့ဘဝတွင် အများအကျိုးအတွက် မိမိနိုင်ငံသားများအတွက် ဘက်ပေါင်းစုံမှ စနစ်တကျ ပိုမိုကူညီပံ့ပိုးပေးနိုင်ရန်အတွက် ဧရာဝတီဖောင်ဒေးရှင်းကို စတင်တည်ထောင်ဖြစ်ခဲ့ပါသည်။ စတင်တည်ထောင်ချိန်မှစ၌ ပညာရေး၊ ကျန်းမာရေး၊ လူငယ်နှင့်အားကစား တိုးတက်ရေးလုပ်ငန်းစဉ်များအပါအဝင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးကဏ္ဍများကိုပါ အင်တိုက်အားတိုက် ကြိုးစားလုပ်ဆောင်ခဲ့ပါသည်။ ၂ဝ၁၅ ခုနှစ်တွင် နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိသော စီးပွားရေးလုပ်ငန်းများ ပိုမိုပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အသိပညာပေးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခဲ့ပါသည်။ မိမိတို့ ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် ပြည်သူအားလုံးက လိုလားတောင့်တသည့် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရေးလုပ်ငန်းစဉ်တွင် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင်ပြီး နိုင်ငံ၏ဂုဏ်သိက္ခာနှင့် လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာစေရန်အတွက် လူမှုရေး အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် လက်တွဲကာ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သမိုင်းကြောင်း မက်စ်မြန်မာ ကုမ္ပဏီအုပ်စုကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်ပြီး စတင်တည်ထောင်ချိန်မှစ၍ ကျွန်ုပ်တို့နိုင်ငံနှင့် လူမျိုးအကျိုးအတွက် ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခြင်းအားဖြင့်နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင်သာမက လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားလုပ်ငန်းစဉ်များတွင်ပါ တက်ကြွစွာပါဝင်ခဲ့ပါသည်။အနှစ် (၂၀) ကျော် သက်တမ်းကာလအတွင်း မက်စ်မြန်မာ ကုမ္ပဏီသည် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ၏ကျေးဇူးကို အကောင်းဆုံး ပြန်လည်ပေးဆပ်နိုင်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ပြည်သူတို့၏ လိုအပ်ချက်များ ဖြစ်သည့် စားဝတ်နေရေးစသည့်ကိစ္စရပ်များကိုလည်း ကူညီဖြည့်ဆည်းပေးလျက် ရှိပါသည်။ အခွင့်အရေးကြုံ လာပါက အနာဂတ်ကာလ၌ ကျန်းမာရေးနှင့် ဘာသာရေးနယ်ပယ်များတွင်သင့်လျော်သည့်အခြေအနေများဝယ် ရန်ပုံငွေများနှင့် လုပ်အားများ ကို ထောက်ပံ့လှူဒါန်းသွားမည် ဖြစ်ပါသည်။ မက်စ်မြန်မာကုမ္ပဏီအုပ်စုသည် နိုင်ငံ၏ အဓိကဦးစားပေးနယ်ပယ်များအတွက် လှူဒါန်းထောက်ပံ့မှုများ ပြုလုပ်လျက် ရှိပါသည်။ ဥပမာအားဖြင့် ပညာရေး နယ်ပယ်တွင် နိုင်ငံတစ်ဝှမ်းလုံး၌ အခြေခံပညာ အဆင့် ကျောင်းများမှတက္ကသိုလ်ကောလိပ်အဆင့်ထိအတွက် လှူဒါန်းမှုများ ပြုလုပ်ခြင်း၊ ကျန်းမာရေး နယ်ပယ်တွင် ဆေးရုံများ၊ ဆေးပေးခန်းများ ဆောက်လုပ်ခြင်း၊ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။ ၂၀ဝ၈ခုနှစ်တွင် မြန်မာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်ဖြစ်သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးသည် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ ဖောင်ဒေးရှင်းမှ မုန်တိုင်းဘေးသင့် ပြည်သူများအတွက် အသက်ကယ်ပစ္စည်းကိရိယာများ လှူဒါန်းခြင်း၊ ကျန်းမာရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းများ ထောက်ပံ့ခြင်းတို့ဖြင့် ဘေးဒဏ်သင့်ပြည်သူများနှင့် ၄င်းတို့၏ မိသားစုဝင်များအား ပြန်လည် နေရာချထားရေးအတွက် အားထုတ်ကြိုးပမ်းခဲ့သည်။ ဧရာဝတီ ဖောင်ဒေးရှင်းသည် နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူများအား ပြန်လည်နေရာချထားရေးနှင့် ၄င်းတို့၏ မူလအခြေအနေအတိုင်း ဆက်လက်နေထိုင် သွားနိုင်ရေးအတွက် စဉ်ဆက်မပြတ် လှူဒါန်းခြင်း၊ ကျပ်သန်းပေါင်းများစွာကို အသုံးပြုအကုန်ကျခံကာ ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည်။ဧရာဝတီဖောင်ဒေးရှင်းသည် ဘာသာရေးကဏ္ဍတွင်လည်း ငွေကျပ် ၂.၅ သန်းဖိုး ထည့်ဝင်ကာ ဧရာဝတီနှင့် နေပြည်တော်ဒေသများတွင် ဘာသာရေးအဆောက်အအုံများ၊ ပြတိုက်များဆောက်လုပ်ခြင်း၊ ပြန်လည်မွမ်းမံခြင်း၊ သမိုင်းဝင်အဆောက်အအုံများအား ပြန်လည်မွမ်းမံပြင်ဆင်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် လူမှုရေးကဏ္ဍအတွက်လည်း ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှ ယခင်သတ္တုတွင်းဝန်ကြီးဌာန အဆောက်အအုံအား ကုတင် (၅၅၀) လုံးပါ ရန်ကင်းကလေးဆေးရုံအဖြစ် ပြင်ဆင်တည်ဆောက်ပြီး ကျန်းမာရေးဝန်ကြီးဌာနပိုင် အဆောက်အဦးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါသည်။ ဖောင်ဒေးရှင်းသည် လက်ရှိ အချိန်ထိ အဆိုပါဆေးရုံအတွက် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီနေပြီး ချို့တဲ့နွမ်းပါးကလေးငယ်များအတွက်လည်း ဆေးဝါးများ အခမဲ့ လှူဒါန်းလျက် ရှိပါသည်။ မျှော်မှန်းချက် လုပ်ငန်း၏ လူမှုတာဝန်ထမ်းဆောင်မှုများနှင့် ရေရှည်အထောက်အပံ့များ။ အခက်အခဲများကို ဖြေရှင်းပေးနေမှုများဖြင့် လူအများ၏ ဘဝ တိုးတက်ကောင်းမွန်လာစေရန် ရည်မှန်းချက် ကျန်းမာရေး၊ ပညာရေး၊ လူငယ်ဖွံဖြိုးရေးနှင့် အားကစား၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများ၊ တာဝန်ကျေပွန်သော လုပ်ငန်းကျင့်သုံး လုပ်ကိုင်မှုများ စသည့်ကဏ္ဍများတွင် လုပ်ငန်း၏ လူမှုတာဝန်ထမ်းဆောင်မှုများကို ထိရောက်အကျိုးရှိစွာ အကောင်အထည်ဖော်နိုင်ရန် ကျွန်ုပ်တို့ နေထိုင်အလုပ်လုပ်ကိုင်သည့် ဒေသပတ်ဝန်းကျင်နှင့် မှီခိုအားထားရာ လူ့အဖွဲ့အစည်းကို မြှင့်တင်ဖြည့်ဆည်းပေးရမည့် တာဝန်ဝတ္တရားရှိ သည့်အတိုင်း နေထိုင်ကျင့်သုံးသွားရန်။ ဆက်သွယ်၇န် နံပါတ်(၁၂၃)၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ်- (၉၅၁) ၂၅၅၈၁၉ ~ ၃၈၊ ဖက်စ်- (၉၅၁)၂၅၅၈၄၄ Email: info@localhost/ayeyarwadyfoundation Website: localhost/ayeyarwadyfoundation Facebook: www.facebook.com/ayeyarwadyfoundation