Disaster Management

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများ ပြုလုပ်ခြင်း၊ အကူအညီပေးခြင်း

disaster

အရေးပေါ်အခြေအနေကိစ္စရပ်များမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိပြီးကမ္ဘာအနှံ့မှ ဒေသအဖွဲ့အစည်း ထောင်ပေါင်းများစွာကို ထိခိုက်စေ ပြီးထိခိုက်သူများမှာ အသက်ဆက်လက် ရှင်သန်နိုင်ရန်နှင့် ပြန်လည်ထူထောင်နိုင်ရန်အတွက် အကူအညီကိုအမြန်ဆုံးလိုအပ်နေကြသည်။ အရေးပေါ်အခြေအနေကိစ္စများတွင် မဆိုင်းမတွ အကူအညီပေးခြင်းဖြင့် အသက်ကို ကယ်ဆယ်နိုင်သည်။ အရေးပေါ်ကိစ္စရပ်များ ဖြစ်ပွားပြီး ရက်ပိုင်းအတွင်းကာလသည် အကူအညီကို အလိုအပ်ဆုံးနှင့် ချက်ချင်းတုံ့ပြန်ခြင်းက အထူးအရေးကြီးသည်ဖြစ်ရာသက်သာအဆင်ပြေစေ ရေးအေဂျင်စီများနှင့်ဒေသခံအဖွဲ့အစည်းများကထိုအချိန်အတွင်း မြန်ဆန်လွယ်ကူသောငွေကြေးအထောက်အပံ့များနှင့် တွဲဖက်၍အကူအညီ ပေးတုံ့ပြန်ကြသည်။ တဖြည်းဖြည်းစတင် ဖြစ်ပွားလာတတ်သော အရေးပေါ်အခြေအနေများ ဥပမာ- ရေကြီးသဖြင့် စားနပ်ရိက္ခာ အခက် အခဲရှိခြင်း စသည့် အခြေအနေများအတွက်လည်း လူအများကို ပြန်လည်ထူထောင်လာနိုင်စေရန်နှင့် ဖြစ်လာမည့် ကိစ္စရပ်များကို ရင်ဆိုင် ကျော်လွှားနိုင်စေရန် ဂရုတစိုက်အကူအညီပေးရမည် ဖြစ်သည်။ ကျွန်ုပ်တို့၏ မိတ်ဆွေများကိုအဆိုပါ အခြေအနေများကို ရင်ဆိုင်တုံ့ပြန်နိုင် ရန်အတွက် ပြင်ဆင်ထားနိုင်ရန်၊ ယင်းအခြေအနေများမှ ပြန်လည် ထူထောင်လာနိုင်ရန်အတွက် ဧရာဝတီဖောင်ဒေးရှင်းမှ အသေအချာ ကူညီပံ့ပိုးပြီး ဒေသအဖွဲ့အစည်းများအား ဆန်းသစ်သည့်ကိရိယာများနှင့် နည်းလမ်းကောင်းများဖြင့် “ပိုမိုကောင်းမွန်စွာ ပြန်လည်တည် ဆောက်နိုင်ရန်” အထူးကြပ်မတ်အားပေးလျက် ရှိပါသည်။

 

disaster2

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း

မြန်မာနိုင်ငံအတွက် အဆိုးဆုံးသဘာဝဘေးအန္တရာယ်ဖြစ်သောနာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည်၂၀ဝ၈ခုနှစ်တွင် ဧရာဝတီတိုင်းတွင် ဖြစ်ပွားခဲ့သည်။ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစကာ ကျွန်ုပ်တို့အဖွဲ့အစည်းမှ ယင်းနေရာများတွင် အသက်ကယ်ပစ္စည်းကိရိယာများ၊ ကျန်းမာရေးနှင့် ပညာရေးအထောက်အပံ့များဖြင့် ပံ့ပိုးပြီး မုန်တိုင်းဘေးသင့်ပြည်သူများ ပြန်လည်နေရာချထားရေးနှင့်ဖွံဖြိုးရေးအတွက် ဆောင်ရွက်ခဲ့ပါသည်။ • ၂၀ဝ၈ ခုနှစ် မေလ ၂ရက်နေ့နှင့် ၃ ရက်နေ့များတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့ရာ တစ်နာရီကို မိုင် (၁၀ဝ) နှုန်းနှင့် လေတိ်ုက်ခတ်မှုနှင့်အမြင့်ပေ ၂၀ ကျော်မြင့်သော ဒီရေလှိုင်းလုံးများကြောင့် ဧရာဝတီတိုင်းအတွင်း ဆိုးရွားစွာ ထိခိုက်ပျက်စီးမှုများ ဖြစ် ပွားစေခဲ့ပါသည်။ • မက်စ်မြန်မာသည် ပထမဦးစွာ အကူအညီပေးသည့် အဖွဲ့အစည်းများတွင်အပါအဝင်ဖြစ်ပြီး မုန်တိုင်းဘေးမှ လွတ်မြောက်လာသူများ အသက်ဆက်လက်ရှင်သန်နိုင်ရေးအတွက် ဆေးဝါးများ၊ အဝတ်အစားများ၊ စောင်များ၊သောက်ရေများ၊ အိုးခွက်ပန်းကန်များ၊ အသုံးပြုရန် ငွေများ စသည်တို့ကိုသယ်ဆောင်ပြီး မုန်တိုင်းဘေးသင့်ဒေသသို့ အမြန်ဆုံး သွားရောက်ခဲ့သည်။ • အမြန်ဆုံးလိုအပ်နေသော အဆောက်အအုံနေရာထိုင်ခင်းများ ဆောက်လုပ်ရေးတွင်လည်း ကုမ္ပဏီမှ ပါဝင်ကူညီခဲ့သည်။ ကျွန်းသား အဆောက်အအုံ စုစုပေါင်း (၅၃၃) လုံး ဆောက်လုပ်ခဲ့ရာ ပြန်လည်နေရာချထားရေးကာလအတွက် အထောက်အကူပြုသည့်အနေဖြင့် ကုမ္ပဏီမှ အဆောက်အအုံ အလုံး (၂၀ဝ) ပါဝင် လှူဒါန်းခဲ့သည်။ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက်မြေသယ်ကိရိယာများနှင့် ထောက်ပံ့ ပို့ဆောင်ရေး ကိရိယာများ ကိုလည်းပေးအပ်ထောက်ပံ့ခဲ့သည်။ ဆိုင်ကလုန်းတိုက်ခတ်ပြီး တည်ဆောက်သည့်ကုတင်(၅၀ဝ)ဆန့် ဆေးရုံ ကို ကုမ္ပဏီမှ ပြင်စလူမြို့နယ်တွင် ဆောက်လုပ်လှူဒါန်းခဲ့သည်။ အရေးပေါ် လူနာများနှင့် မီးဘေးအန္တရာယ်များအတွက်လူနာတင်ယာဉ်နှင့် မီးသတ်ကားများကို လှူဒါန်းခဲ့ပါသည်။

 

disaster3

ရေဘေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းဆောင်ရွက်ချက်များ

ရေဘေးသင့်ပြည်သူများ ဆက်လက်ရင်ဆိုင်ရသည့်အခက်အခဲများအားထိရောက်စွာဖြေရှင်းနိုင်ရန်အတွက်ဧရာဝတီဖောင်ဒေးရှင်းမှ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်လေးခု (ဇလွန်၊ အင်္ဂပူ၊ သာပေါင်း၊ ရေကြည်) တို့တွင်အခြေစိုက်စခန်းများ ဖွင့်လှစ်ခဲ့ပြီးကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ဆက်လက်၍ဧရာဝတီဖောင်ဒေးရှင်းမှအဆိုပါမြို့နယ်လေးမြို့နယ် တွင် သိုလှောင်စရာနေရာများ ဖန်တီးပြီး ရေဘေးသင့်ပြည်သူများ အရေးပေါ်လိုအပ်လာမည့် ဆန်၊ စားသုံးဆီ၊ သောက်ရေစသည်တို့ ကို သိုလှောင်ထားရှိပါသည်။ ထို့ပြင် ယင်းဒေသအဖွဲ့အစည်းများ ပြန်လည်တည်ဆောက်ရေးအတွက် ရေရှည်ကြုံရမည့် အခက်အခဲများ ကို ရင်ဆိုင်နိုင်ရန်အတွက် သက်သာရေးစခန်းများအား စနစ်တကျ စီမံကွပ်ကဲခြင်း၊ ဖြစ်ပွားနိုင်သည့် ရောဂါများမှကြိုတင်အကာအကွယ် ပေးနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ကျောင်းများ၊ ဆေးခန်းများ ပြန်လည်ဖွင့်လှစ်ခြင်း၊ စိုက်ပျိုးရေးအကူအညီများ၊ မွေးမြူရေးတိရစ္ဆာန်အစာများ ထောက်ပံ့ကူညီပေးခြင်း၊ တိကျသည့် စာရင်းဇယားများကောက်ယူခြင်း စသည့် ကိစ္စရပ်များကိုဖောင်ဒေးရှင်း အဖွဲ့ဝင်များကဒေသခံအဖွဲ့အစည်းများနှင့် ဆွေးနွေးခဲ့ကြသည်။ယင်းဖော်ပြခဲ့သည့် နယ်ပယ်များတွင် သက်သာအဆင်ပြေစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် ပြည်တွင်းနှင့်နိုင်ငံတကာ လှူဒါန်းရေးအဖွဲ့အစည်းများ၊NGOများ၊INGO များ၊ ကျောင်းသားအဖွဲ့အစည်းများနှင့် အခြားအဖွဲ့များအား ဧရာဝတီဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍သက်သာစေရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဌာနများတွင် ပါဝင် အကူအညီပေးရန် လှိုက်လှဲစွာ ဖိတ်ခေါ်ခဲ့ပါသည်။

 

disaster4

ပဲခူးရေဘေးသင့် ပြည်သူများအတွက် အကူအညီပေးခြင်း

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ဧရာဝတီဖောင်ဒေးရှင်းသည်အိမ်ဆုံးရှုံး၍ အခက်အခဲကြုံတွေ့နေရသူတို့ကို ကူညီရန် ပဲခူးမြို့ သို့ သွားရောက်ခဲ့သည်။ ဧရာဝတီဖောင်ဒေးရှင်းမှ ဆန်၊ ဆီ၊ ရေသန့် ခေါက်ဆွဲတို့ကို အိမ်ဆုံးရှုံး၍ကယ်ဆယ်ရေး စခန်းများတွင် နေ ထိုင်နေရသော မိသားစု ၂၀ဝ၀ တို့အားလှူဒါန်းခဲ့သည်။ ပဲခူးမြို့သို့သွားသည့် ပရဟိတခရီးစဉ်တွင် မက်စ်မြန်မာဟိုးဒင်းလ်ကုမ္ပဏီ၊ ဧရာဝတီဘဏ်နှင့် ဧရာမြန်မာအာမခံလုပ်ငန်းတို့မှ ဝန်ထမ်းများလည်း လိုက်ပါကြပြီး စုစုပေါင်း လူဦးရေ ၂၀ဝ ခန့် ပါဝင်ခဲ့သည်။ လိုက်ပါသူများကို အဖွဲ့ (၆) ဖွဲ့ခွဲပြီး ပဲခူးသို့ ရောက်သောအခါ မတူညီသည့် စခန်းများဆီသို့ အသီးသီး သွားရောက်လှူဒါန်းခဲ့ကြပါသည်။

 

disaster5

ကလေး – ကလေးဝလမ်းများ ပြင်ဆင်နေခြင်း

လမ်းများ ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ရာ ဧရာဝတီဖောင်ဒေးရှင်းမှ ပြန်လည်ပြင်ဆင်မှုများကို စတင်ခဲ့သည်။ ထိခိုက်ပျက်စီးမှုများကြောင့် ရေဘေးသင့်ဒေသဖြစ်သည့် ကလေးမြို့သို့ အကူအညီများပေးရန် အခက်အခဲရှိခဲ့သည်။ရေဖြင့် တင်ကျန်ခဲ့သော အပျက်အစီးအပိုင်းအစ များကိုလည်း ဧရာဝတီဖောင်ဒေးရှင်းမှ ဦးဆောင်၍ ရှင်းလင်းဖယ်ရှားခဲ့သည်။ဧရာဝတီဖောင်ဒေးရှင်းမှ ရေဘေးအကူအညီပေးရေးအဖွဲ့များ အနက်တစ်ခုသည် ရခိုင်အမျိုးသားပါတီနှင့် တွဲဖက်လုပ်ကိုင်သည့် အခြား ရေဘေးအကူအညီပေး အဖွဲ့တစ်ခုနှင့်ပူးပေါင်းပြီး သရီချောင်းရိုး တစ်လျှောက်ရှိရွာများဖြစ်သည့် ပြိုင်ကန်၊ ကြာကန်၊ မကြာ၊ ခလှိုင်း၊ ကြက်ခင်း၊ နေပူခန်း၊ ကွန်ကျွမ်ကျေးရွာများသို့သွားရောက်ပြီးသက်သာ အဆင်ပြေစေရေးအကူအညီများပေးခဲ့သည်။ ဆေးဝါးအထောက်အပံ့များ၊ ရိက္ခာခြောက်များကို လှူဒါန်းခဲ့သည်။ဖောင်ဒေးရှင်းမှနောက်ထပ် ရေဘေးအကူအညီပေးရေးအသင်းတစ်ခုသည် ပဲခူးဒေသ၊ ပြည်မြို့မှ ပန်းတောင်းမြို့နယ်သို့ သွားရောက်ပြီး သာယာသစ်၊ သာယာသောင်၊ လက်ခုပ်ကုန်း၊နောက်တန်းကုန်း၊ကန့်လန့်ကုန်းနှင့်အိုးဖိုကုန်းရွာများရှိ ရေဘေးသင့်ပြည်သူများအား သက်သာအဆင်ပြေစေရေးအကူအညီ များပေးခဲ့ကြသည်။ နောက်ထပ် တတိယမြောက်အဖွဲ့အား ရွှေတောင်မြို့နယ်ရှိ တောင်ရေကျော်ရွာသို့ စေလွှတ်ပြီး အခြားအဖွဲ့တစ်ဖွဲ့ဖြင့် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား သက်သာအဆင်ပြေရေး အကူအညီများ ပေးခဲ့ပါသည်။