ဧရာဝတီဖောင်ဒေးရှင်းသို့ Shwe Yaung Pya Agro Co., Ltd မှ တန်ဖိုး (၁၁,၃၅၅,၀၀၀)ကျပ်လှူဒါန်း

မြန်မာနိုင်ငံတစ်ဝှမ်းရှိ ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ဝ်ိုင်းဝန်းကူညီပေးလျက်ရှိသော ဧရာဝတီဖောင်ဒေးရှင်းသို့ Shwe Yaung Pya Agro Co., Ltd မှ တန်ဖိုး (၁၁,၃၅၅,၀၀၀)ကျပ်ကို စေတနာထက်သန်စွာဖြင့် ပံ့ပိုးကူညီ လှူဒါန်းပေးခဲ့ပါသည်။

ယခုကဲ့သို့ ပံ့ပိုးကူညီပေးခြင်းအတွက် ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် အထူးကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းနှင့် စီးပွားဥစ္စာများ ဒီရေအလား တိုးပွား၍ အများအကျိုးအတွက် ဆတက်ထမ်းပိုး ပံ့ပိုးကူညီနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။