ငလျင်ဒဏ်သင့် ဒေသများအတွက် ဧရာဝတီဖောင်ဒေးရှင်းက ကူညီဆောင်ရွက်လျက်ရှိ

ဧရာဝတီဖောင်ဒေးရှင်းသည် မန္တလေးမြို့ရှိ ဒေသခံလူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ စက်ယန္တရားများ၊ အတွေ့အကြုံရှိ Operator များပံ့ပိုးကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြသော စက်ယာဉ်ယန္တရားများနှင့် လူနာတင်ယာဉ်များအတွက် စက်သုံးဆီများကို Max Energy ဆိုင်များမှတဆင့် အခမဲ့ထောက်ပံ့ကူညီပေးလျက်ရှိပြီး ငလျင်ဒဏ်ကြောင့် ဖြစ်ပွါးခဲ့သည့် မန္တလေးမဟာမြတ်မုနိစောင်းတန်းပျက်စီးမှုများအား ရှင်းလင်းဖယ်ရှားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့အတူ ဧရာဝတီဖောင်ဒေးရှင်းသည် ငလျင်ဘေးဒဏ် ဆိုးရွားစွာကြုံတွေ့ခဲ့ရသည့် နေပြည်တော် ဒေသရှိ ဒေသခံပြည်သူများအတွက် လိုအပ်သော ဆန်၊ ခေါက်ဆွဲခြောက်၊ စားသောက်ကုန်များ၊ သောက်သုံးရေသန့်များ ပံ့ပိုးပေးခြင်း၊ ယာယီနေထိုင်နိုင်ရန်အတွက် Tent များ တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် နေပြည်တော် ဒေသအတွင်းရှိ လမ်းများအတွက် ဧရာဝတီဖောင်ဒေးရှင်းက စက်ယာဉ်ယန္တရားများဖြင့် ပြုပြင်ဆောင်ရွက်ခြင်း၊ မြေကျွံသွားသော နေရာများအား မြေပြန်ဖို့ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

The Ayeyarwady Foundation continues relief efforts in earthquake-affected areas

The Ayeyarwady Foundation, in collaboration with local social organizations in Mandalay, is actively providing disaster relief by deploying heavy machinery and experienced operators to assist in rescue and recovery operations.

Fuel for rescue vehicles and heavy machinery is being provided free of charge through Max Energy stations. Additionally, the foundation has contributed to clearing the debris caused by the earthquake at the Mandalay Mahamuni Pagoda archway collapse.

In Nay Pyi Taw, where communities have been severely affected, the Ayeyarwady Foundation has provided essential food supplies such as rice, instant noodles, and drinking water. The foundation has also set up temporary shelters (tents) for displaced residents.

Furthermore, the foundation is actively supporting road restoration efforts in Nay Pyi Taw by deploying heavy machinery to repair damaged roads and reinforce collapsed areas.