ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ ရေကျော်စီးဝင်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် အိုင်သပြုကျေးရွာသို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် အခက်အခဲများ ကြုံတွေ့နေရသော ပြည်သူများထံ လိုအပ်သော ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။