စစ်ကိုင်းမြို့ရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ဒေသခံလူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ဧရာဝတီဖောင်ဒေးရှင်းသည် မတ်လ (၃၁)ရက်နေ့ တွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြသည့် လူမှုရေးအသင်းအဖွဲ့များ ကယ်ဆယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်နှင့် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့ပြီး သုခကာရီ လူမှုကယ်ဆယ်ရေးအသင်းအတွက် ထောက်ပံ့ကူညီငွေ ကျပ်သိန်း(၂၀၀)နှင့် ရေသန့် ကတ်(၂၀၀)၊ အိုးဘိုလူမှုကယ်ဆယ်ရေးအသင်းအတွက် ထောက်ပံ့ကူညီငွေ ကျပ်သိန်း(၁၀၀)နှင့် ရေသန့် (၁၂၅)ကတ်၊ မင်းလမ်းလူငယ် လူမှုရေးအသင်းများအတွက် ထောက်ပံ့ကူညီငွေ ကျပ်သိန်း(၁၀၀)နှင့် ရေသန့် ကတ်(၁၀၀)တို့ကို ထောက်ပံ့ပေးခဲ့ပါသည်။ ထို့အတူ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမားစွာ ရင်ဆိုင်ခဲ့ရသည့် သကျဒီတာ သီလရှင်စာသင်တိုက်အတွက် အလှူငွေကျပ် သိန်း(၁၀၀)နှင့် ရေသန့် (၁၂၅)ကတ် လှူဒါန်းပေးခဲ့သည်။

ထို့အတူ စစ်ကိုင်းဒေသရှိ ငလျင်ဒဏ်သင့် အဆောက်အဦများ ရှင်းလင်းဖယ်ရှားခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Mini Excavator, Wheel Loader, Dump Truck အစရှိသည့် စက်ယန္တရားများနှင့် သောက်သုံးရေလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရေသယ်ယာဉ်များကို လိုအပ်သည့်နေရာများတွင် အသုံးချနိုင်ရန် ပံ့ပိုးကူညီပေးလျက်ရှိပါသည်။

The Ayeyarwady Foundation provides relief assistance to earthquake-affected communities in Sagaing

In collaboration with local communities and social associations, the Ayeyarwady Foundation is actively carrying out relief operations for the earthquake-affected communities in Sagaing.

On March 31, the foundation provided financial and essential aid to support ongoing relief efforts, ensuring smooth operations and assisting in critical areas. The contributions included: MMK 20 million and 200 bottles of drinking water for Thukhakari Social Relief Association , MMK 10 million and 125 bottles of drinking water for Ooe Bo Social Relief Association, MMK 10 million and 100 bottles of drinking water for Min Lann Youth Social Organization, MMK 10 million and 125 bottles of drinking water for ThaKyaDitha Nunnery School to aid recovery from severe damage caused by the earthquake

Additionally, the Ayeyarwady Foundation is supporting debris clearance and reconstruction efforts in the affected areas by providing heavy machinery, including mini excavators, wheel loaders, and dump trucks. Water tankers are also being deployed to supply clean drinking water to those in need.

#AyeyarwadyFoundation