ငလျင်ဒဏ်ကြောင့် လူဦးရေအများအပြား သေကြေပျက်စီးခဲ့သည့် မန္တလေး ဘုံးအိုးကျေးရွာနှင့် စစ်ကိုင်း မင်းလမ်းရပ်ကွက်မှ ကျန်ရစ်သူ မိသားစုများထံသို့ ဧရာဝတီဖောင်ဒေးရှင်း တာဝန်ရှိသူများ သွားရောက်နှစ်သိမ့် အားပေး၍ ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့ပါသည်။
ငလျင်ဒဏ်ကြောင့် ဗလီ(၄)လုံး၊ အိမ်ခြေ (၁၀၀)ခန့် ပျက်စီးခဲ့သည့် မန္တလေး ဘုံးအိုးကျေးရွာမှ သေဆုံးသူ (၁၃၉)ဦး၏ ကျန်ရစ်သူမိသားစုဝင်များနှင့် ပြင်းထန်ဒဏ်ရာရရှိသူ (၁၀၀)အတွက် တစ်ဦးလျင် (၅)သိန်းကျပ်စီ၊ အိမ်ခြေပျက်စီးဆုံးရှုံးသူများအတွက် စာနာထောက်ပံ့ငွေများနှင့်အတူ ဆန်၊ စားနပ်ရိက္ခာခြောက်၊ ရေသန့်၊ စုစုပေါင်း ငွေကျပ် သိန်း (၁၅၀၀)ကို ဧရာဝတီဖောင်ဒေးရှင်းက သွားရောက်ထောက်ပံ့ ကူညီလှူဒါန်းခဲ့ပါသည်။ ထို့အတူ ငလျင်ဒဏ်ကြောင့် ဗလီ(၃)လုံးအပါအဝင် အိမ်ခြေအများအပြား ပျက်စီးဆုံးရှုံးခဲ့သည့် စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်မှ သေဆုံးသူ (၁၇၆)ဦး၏ မိသားစုဝင်များအတွက် တစ်ဦးလျှင် (၅)သိန်းကျပ်စီနှင့် ဆန်အိတ်(၃၅၀) စုစုပေါင်း ငွေကျပ် သိန်း(၁၀၀၀) ထောက်ပံ့ကူညီခဲ့ပါသည်။