Health Sector

ကျန်းမာရေးကဏ္ဍ

health1

“ကျန်းမာခြင်းသည် ချမ်းသာခြင်းဖြစ်သည်”ဟု ပညာရှိတို့ ဆိုကြသည့်အတိုင်း ကောင်းမွန်သောကျန်းမာရေးသည် ပျော်ရွှင်ကြံ့ခိုင်သော
ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်ပေသည်။ နိုင်ငံသားတို့၏ ကိုယ်စိတ်နှစ်ပါးကျန်းမာပါက နိုင်ငံ၏ ဘာသာရေး၊ နိုင်ငံရေး၊ ပညာရေး၊
စီးပွားရေးနှင့်လူမှုရေးများတွင်ပိုမိုပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီးနိုင်ငံတစ်ရပ်လုံးပိုမိုတိုးတက်ဖြစ်ထွန်းလာမည်မှာအထူးပြောစရာမလိုပေ။
အဆိုပါ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် ဆေးဘက်ဆိုင်ရာ ရန်ပုံငွေများ၊ အထောက်အကူပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာအကူအညီများကိုငွေကြေးချို့ငဲ့သူများအတွက်လှူဒါန်းလျက်ရှိပြီးနိုင်ငံအနှံ့သို့လူနာတင်ယာဉ်များ
လှူဒါန်းလျက် ရှိပါသည်။
နိုင်ငံဖွံ့ဖြိုးရေးကို အရေးအကြီးဆုံးအဖြစ် မှတ်ယူထားသည့် အလျောက် ဧရာဝတီဖောင်ဒေးရှင်းသည် ဆေးရုံများကို အောက်ပါအတိုင်း
ပမာဏ အတိုင်းအတာတစ်ခုအထိ ဆောက်လုပ် အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်သည်။
• ရန်ကင်းရှိ ကုတင် ၅၅၀ ဆန့် ကလေးဆေးရုံတွင် အဆောက်အအုံဟောင်းများ ပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း၊
ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများနှင့် လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများ တိုးချဲ့ဖြည့်ဆည်းပေးခြင်း၊
• ဖြူးမြို့တွင် အထွေထွေဆေးရုံ ဆောက်လုပ်ခြင်း၊
• ကျောင်းကုန်းတွင် အထွေထွေဆေးရုံဆောက်လုပ်ခြင်း၊
• လပွတ္တာအထွေထွေဆေးရုံကြီးသို့ လူနာတင် ထရပ်ကား လှူဒါန်းခြင်း။

Yankin Hospital

ကုတင် ၅၅၀ ဆန့် ကလေးဆေးရုံကို ရန်ကုန်မြို့တွင် ဆောက်လုပ်လှူဒါန်းခြင်း

အမှတ်(၉၀)၊ သစ္စာလမ်း(ကန်ဘဲ့)၊ ရန်ကင်းမြို့နယ်ရှိ ယခင် သတ္တုတွင်းဝန်ကြီးဌာနကို ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ယူပြုပြင်ပြီး
ကုတင်(၅၅၀)ဆန့်ကလေးဆေးရုံအဖြစ်အသစ်ပြန်လည်ဆောက်လုပ်ခဲ့သည်။ ယင်းအဆောက်အအုံဟောင်းအား ဆေးရုံအဖြစ်
ပြောင်းလဲရာတွင်ဧရာဝတီဖောင်ဒေးရှင်းကိုယ်စားမက်စ်မြန်မာကုမ္ပဏီအုပ်စုမှအဆောက်အအုံများကိုပြင်ဆင်ခြင်း၊အသစ်တိုးချဲ့ဆောက်လုပ်ခြင်း၊
ဆေးရုံသုံးပစ္စည်းများ၊ပရိဘောဂများကိုလိုအပ်သလိုတပ်ဆင်ထားရှိခြင်းများ ပြုလုပ်ခဲ့ပါသည်။
ဆက်လက်၍လည်း ကျန်းမာရေးညွှန်ကြားရေးမှူး(MS)များ၊လက်ထောက်ကျန်းမာရေးအရာရှိ(AMO‘s)များ၊သူနာပြုများအတွက်
နေထိုင်ရန်အခန်းများ၊ နေရာထိုင်ခင်းများကိုလည်း တိုးချဲ့ဆောက်လုပ်ခဲ့ပါသည်။

ကုန်ကျစရိတ်ခန့်မှန်းချက်

ဆောက်လုပ်ရေးစရိတ်မှာ စုစုပေါင်း ငွေကျပ် ၉ ဘီလီယံကျော် ဖြစ်သည်ဟု ခန့်မှန်းသိရှိရပါသည်။

ဆောက်လုပ်သည့် ကာလ

ဆောက်လုပ်သည့်ကာလမှာ ဖေဖော်ဝါရီ ၂၀၁၀ မှ မတ်လ ၂၀၁၁ အထိ စုစုပေါင်း (၁၃)လ ဖြစ်ပါသည်။

တည်နေရာနှင့် အကျယ်အဝန်း

ကလေးဆေးရုံသစ်၏ တည်နေရာမှာ အမှတ်(၉၀) ၊ သစ္စာလမ်း(ကန်ဘဲ့)၊ ရန်ကင်းမြို့နယ်တွင်ဖြစ်ပြီး ဧရိယာအားဖြင့် ၉.၅ ဧက ကျယ်ဝန်းသည်။ အဆောက်အအုံ၏ ကြမ်းခင်းဧရိယာမှာ စုစုပေါင်း ၂၆၈၀၄၆ စတုရန်းပေ ဖြစ်ပါသည်။

health2

ကျန်းမာရေး အစီအစဉ်တစ်ရပ်ဖြင့် FIFA’S11 တွင် ပါဝင်အားဖြည့် ဆောင်ရွက်ခြင်း

FIFA ‘S 11 နှင့် အညီ ကျန်းမာရေး အစီအစဉ်တစ်ရပ်ကို အာရှဒေသအတွင်းမှ ပထမဦးဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံတွင် စတင်
အကောင်အထည်ဖော်ခဲ့ရာ ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌဦးဇော်ဇော်မှ အထူးအရေးပါသည့်အခန်းကဏ္ဍမှတာဝန်ယူဆောင်ရွက်ခဲ့သည်။
နိုင်ငံအနှံ့အောင်မြင်သည့်အစီအစဉ်ကိုအစပြုနိုင်ခဲ့သလိုအောင်မြင်သည့်ရလဒ်များကိုလည်းဖန်တီးနိုင်ခဲ့ပါသည်။ ယင်းအစီအစဉ်သည်
နိုင်ငံအနှံ့ရှိကျောင်းနေအရွယ်ကလေးများကိုဘောလုံးအားကစားမှတစ်ဆင့်ကျန်းမာရေးအသိပညာများ ဖြန့်ဖြူးပေးဝေနိုင်ခဲ့ပြီး ဥက္ကဋ္ဌသည်လည်း နိုင်ငံ့မျိုးဆက်သစ်လူငယ်များ၏ လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍများအား ထိရောက်စွာ မြှင့်တင်နိုင်သည့် အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် အထူးပင် စိတ်အားထက်သန်လျက် ရှိပါသည်။