Responsible Business Practice Program

လူမှုတာဝန်သိတတ်မှုရှိသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု

business

မြန်မာနိုင်ငံကဲ့သို့ အလျင်အမြန်ပြောင်းလဲနေသော စီးပွားရေးစနစ်တွင် ရင်းနှီးမြုပ်နှံခြင်းနှင့် ရေရှည်တည်တံ့၍ တာဝန်ကျေပွန်သော စီးပွားရေး လုပ်ငန်းမဟာဗျူဟာများ ချမှတ်ခြင်းတို့တွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ အများအပြားရှိပါသည်။ လူမှုရေးတာဝန်များကို
ထမ်းဆောင်သွားရန်ကတိကဝတ်ပြုထားသည့်အတိုင်းဧရာဝတီဖောင်ဒေးရှင်းသည်ဘာသာရေးကဏ္ဍများအားကူညီထောက်ပံ့ပေးခြင်းနှင့်ပွင့်
လင်းမြင်သာ၍တာဝန်ယူမှုအပြည့်ရှိသောအဖွဲ့အစည်းဆိုင်ရာCSRလုပ်ငန်းများအားအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်တက်ကြွစွာ
ပါဝင်လျက်ရှိပါသည်။ ဒေသနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာတာဝန်ဝတ္တရားများကိုထမ်းဆောင်ခြင်း၊ယင်းနှင့်သက်ဆိုင်သည့်လုပ်ငန်းဆောင်
တာများဆောင်ရွက်ခြင်းတို့မှာအဖွဲ့အစည်း၏ ရေရှည်တိုးတက်မှုအတွက်အရေးကြီးသည်ဟုဧရာဝတီဖောင်ဒေးရှင်းအနေဖြင့်အခိုင်အမာယုံ
ကြည်ထားပါသည်။ “မျှဝေခြင်းနှင့်ဒေသအဖွဲ့အစည်းတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ခြင်း“ ဟူသောရည်မှန်းချက်ဖြင့်
ဧရာဝတီဖောင်ဒေးရှင်းနှင့်မက်စ်မြန်မာကုမ္ပဏီသည်နိုင်ငံတွင်း ဘဏ္ဍာရေး၊ပညာရေး၊ အလှူအတန်းပြုလုပ်ခြင်း၊ ယဉ်ကျေးမှု၊ ဒေသနှင့် သဘာဝပတ်ဝန်းကျင်စသည့်နယ်ပယ်များ တိုးတက်ရေးအတွက်အလေးအနက်ထား ဆောင်ရွက်နေပြီး သဘာဝဘေးဒဏ်များမှ
ကာကွယ်ခြင်း၊သဘာဝဘေးကြောင့်ဖြစ်လာသောအပျက်အစီးများအား ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်း၊ ပြန်လည်နေရာချထားခြင်းတို့တွင်
တက်ကြွစွာပါဝင်လုပ်ကိုင်လျက် ရှိပါသည်။ ဧရာဝတီဖောင်ဒေးရှင်းသည် ဒေသခံများနှင့် ပွင့်လင်းရိုးသား၍စဉ်ဆက်မပြတ်သော ဆက်ဆံရေး တစ်ခုကို မြှင့်တင်လျက်ရှိပြီး ဒေသခံဆေးရုံများ၊ဆေးပေးခန်းများ၊ ကြက်ခြေနီများ ၊ အခြားအရပ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

business2

ဒေသခံ လူ့အဖွဲ့အစည်းအတွက် အထောက်အကုူပြုမှု

ဒေသခံ လူ့အဖွဲ့အစည်းအတွက်လည်း ဖောင်ဒေးရှင်းအနေဖြင့် ဝန်ထမ်းများအတွက် လုပ်ငန်းခွင်တိုးတက်မှု အခွင့်အလမ်းများပေးခြင်း၊
အလုပ်အကိုင်အခွင့်အလမ်းများပေးခြင်း၊မျိုးဆက်သစ်များအတွက်အချိန်ပိုင်းအလုပ်များဖန်တီးပေးခြင်း စသည်ဖြင့် ဆောင်ရွက်လျက်ရှိ
ပါသည်။ ထို့အပြင် ဒေသခံအသိုင်းအဝိုင်းများအား မက်စ်မြန်မာကုမ္ပဏီမှ ပေးပို့လျက်ရှိသော သင်တန်းအချို့ကို တက်ရောက်ရန် ဖိတ်ခေါ်
လေ့ရှိပါသည်။ ဒေသခံပြည်သူများအတွက်ပါမက သဘာဝပတ်ဝန်းကျင်အတွက်ပါ ဦးစားပေးဆောင်ရွက်လျက် ရှိပါသည်။ ကျွန်ုပ်တို့သည်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေထုတ်ပြန်ချက်များ၊ လုပ်ထုံးများအတိုင်းလိုက်နာပြီး မြေ၊လေနှင့် ရေတို့ ညစ်ညမ်းခြင်းကို ကာကွယ်နိုင်၊
လျှော့ချလျက်ရှိပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချိတ်ဆက်လုပ်ကိုင်မှုများနှင့် ဆက်နွယ်သည့် အလုပ်ရုံဆွေးနွေးမှုများ၊ နိုင်ငံအနှံ့ သစ်တော
ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းများတွင် တက်ကြွစွာ ပါဝင်လျက် ရှိပါသည်။

 

ဘာသာရေးကဏ္ဍအတွက် လှူဒါန်းမှု

၁၉၉၃ တွင် စတင်တည်ထောင်သည့် အချိန်မှစ၍ မက်စ်မြန်မာကုမ္ပဏီလီမိတက်၏ သက်တမ်းတစ်လျှောက်လုံးတွင် ကျွန်ုပ်တို့သည်
ဘာသာရေးအဆောက်အုံများကို ဆောက်လုပ်ခြင်း၊ ဗုဒ္ဓဘာသာအပေါ် ကြည်ညိုလေးစားစွာယုံကြည် သက်ဝင်စွာလှူဒါန်းခြင်းများကို
ပြုလုပ်ခဲ့သည်။ ယင်းအောင်မြင်မှုများအနက်မှ အဓိက ဖြစ်ရပ်များတွင် အောက်ပါတို့ ပါဝင်သည်။
• နေပြည်တော်ရှိ ဥပါဒသန္ထိစေတီ၏ အောက်ဘက်ပရိဝုဏ်အတွင်း ပိဋကတ်၊မှတ်တမ်းမှတ်ရာများနှင့် ပြတိုက်အဆောက်အအုံ လှူဒါန်းခြင်း၊
• ဒေသတွင်းနေ ပြည်သူများကအထူးလေးစားအသိအမှတ်ပြုကြြ့ပီးဗုဒ္ဓဘာသာသမိုင်းတွင် ရှားပါးထူးကဲသည့်အောင်မြင်မှုတစ်ရပ်ဖြစ်သော
သံဃာတော် အပါး ၁,ဝ၀ဝ ကို ရဟန်းခံပေးခြင်း၊
• စိန်ဖူးတော်ထိ အမြင့် ၃၆ ပေ ရှိ ရွှေဘုန်းပွင့်စေတီတော် တည်ခြင်း၊
• မြစ်ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးသွားရသော မအူပင်မြို့မှ ပေါ်တော်မူစေတီကို အသစ်ပြင်ဆင်တည်ဆောက်ခြင်း၊

business3

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ကျေပွန်လျက်ရှိသော အဖွဲ့ အစည်း

လူမှုအဖွဲ့အစည်းနှင့် မိမိတို့ အဖွဲ့အစည်း၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ
တာဝန်ကျေသောအဖွဲ့အစည်းတစ်ရပ် ဖြစ်လာရန် ကြိုးပမ်းလျက်ရှိသည်။ ရည်မှန်းချက်များ၊ မျှော်မှန်းချက်များအရ ကျွန်ုပ်တို့၏လုပ်ငန်းများ
အား လူမှုတာဝန်ကျေပွန်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အလေးပေးသည့် အနေအထားများဖြင့် ဆောင်ရွက်လျက်ရှိပြီး
မက်စ်မြန်မာသည် မဝေးတော့သည့်အနာဂတ်တွင်ISO14001:2004သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစနစ်ကို သက်ဆိုင်ရာသဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒများအဖြစ်ဆင့်ပွားအသုံးပြုသွားမည်ဖြစ်သည်။ လုပ်ငန်းဖြစ်စဉ်တစ်ရပ်လုံး ယင်းသတ်မှတ်ချက်များနှင့်
ကိုက်ညီမှုရှိ၊ မရှိကိုစစ်ဆေးရေးအဖွဲ့က အသေအချာစစ်ဆေးပြီး စီမံကွပ်ကဲရေးဌာနမှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်
သက်ဆိုင်သည့်ကိစ္စအားလုံးကို အထူးအလေးပေး အာရုံစိုက်ထားသည်။ ဧရာဝတီဖောင်ဒေးရှင်းသည် မက်စ်မြန်မာကုမ္ပဏီနှင့်ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်ငြိစွန်းမှုများကို လျှော့ချရန်အတွက် ထုတ်ပြန်ထားသောစွမ်းအင်လျှော့ချရေး စံချိန်စံညွှန်းများ၊
ပြန်လည်ဖန်တီးအသုံးပြုရေး တိုက်တွန်းအားပေးချက်များ စသည်တို့နှင့်အညီ အလေးအနက်ထား လုပ်ဆောင်လျက်ရှိပါသည်။

business4

မြန်မာပြည်မြောက်ပိုင်းရှိ ပြည်တွင်း ရွှေ့ပြောင်းအခြေချသူများအတွက် လှူဒါန်းခြင်း

မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဒေသအချို့တွင် ဖြစ်ပွားလျက်ရှိသောပဋိပက္ခများကြောင့် ယင်းဒေသများမှ ရွှေ့ပြောင်း နေထိုင်နေရသည့်
ပြည်တွင်းရွှေ့ပြောင်းအခြေချသူများ (IDPs) များအပေါ် လူသားချင်း စာနာ ထောက်ထားမှုကို ပြသသည့်အနေဖြင့် ကျပ်သန်း (၃၀)
ကို လှူဒါန်းခဲ့သည်။ Shingni Nbat မှဦးစီးကျင်းပသော ရန်ပုံငွေမြှင့်တင်ရေး တင်ဆက်ဖျော်ဖြေမှုကို နိုဝင်ဘာလ ၁၀ရက်၊ ၂၀၁၄
တွင် ကျင်းပခဲ့သည်။

မိဘမဲ့ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကလေးများအတွက်လှူဒါန်းခြင်း

၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင် ဧရာဝတီဖောင်ဒေးရှင်းမှ မိဘမဲ့ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ကလေးများ
အတွက် ငွေကျပ် ၁၀ သန်းအပါအဝင် အဝတ်အစားများ၊ ဘောလုံးများကို လှူဒါန်းခဲ့ပါသည်။

ငှက်အော်စမ်း လူငယ်စခန်းသို့ လှူဒါန်းခြင်း

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ရက်တွင် ဧရာဝတီဖောင်ဒေးရှင်းနှင့်အဖွဲ့ဝင်များသည် ရန်ကုန်မြို့၊ကော့မှူးမြို့နယ်၊ငှက်အော်စမ်းကျေးရွာရှိ
ငှက်အော်စမ်းလူငယ်စခန်းသို့ သွားရောက်ခဲ့သည်။ (၃၂) လက်မရှိ LED တီဗွီ (၂)လုံးနှင့် အခြားအသုံးအဆောင်ပစ္စည်းဖြစ်သည့် ခွက်များ၊
သွားတိုက်ဆေးများ၊ဆပ်ပြာများ၊မျက်နှာသုတ်/ကိုယ်သုတ်ပဝါများ၊ရှပ်အင်္ကျီများ၊Boxerဘောင်းဘီများစသည်တို့ကို ကလေးတစ်ဦးစီအတွက်
လှူဒါန်းခဲ့သည်။ လူငယ်များ အသိအမြင်ကြွယ်ဝစေရေးအတွက် အရေအတွက်(၂၁၀)ရှိ စာအုပ် အမျိုးမျိုးတို့ကို ကလေးများအတွက် လှူဒါန်း
ခဲ့သည်။ စခန်းနေ လူငယ်များအတွက်ဘောလုံး အလုံး(၅၀)ကို လှူဒါန်းခဲ့ပြီး ဘောလုံးအားကစားလေ့ကျင့်သင်ကြားမှုများကို စခန်းတွင် အခါအားလျော်စွာ ကျင်းပပြုလုပ်သွားရန် အစီအစဉ်များရေးဆွဲခဲ့ကြသည်။ လက်ဝှေ့အားကစားကို စိတ်ဝင်စားသူ လူငယ်များလည်းရှိရာ လက်ဝှေ့ဆိုင်ရာ အားကစားပစ္စည်းများကိုလည်း လှူဒါန်းပေးသွားမည် ဖြစ်ပါသည်။