Youth Development and Sport Program

လူငယ်ဖွံ့ဖြိုးရေးနှင့် အားကစားအစီအစဉ်

Sport1

ဧရာဝတီဖောင်ဒေးရှင်းသည်အခြားကဏ္ဍများနည်းတူလူငယ်ဖွံ့ဖြိုးရေးနှင့်အားကစားကဏ္ဍအတွက်လည်းပါဝင်ကူညီရန်စိတ်အားထက်သန် လျက်ရှိပါသည်။မြန်မာပြည်သူများ၏ လူငယ်ရေးရာနှင့် ကိုယ်လက်ကျန်းမာရေးကဏ္ဍများတွင် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဦးဇော်ဇော်မှ၂၀ဝ၂ခုနှစ်တွင်မြန်မာနိ်ုင်ငံတင်းနစ်အဖွဲ့ချုပ်(TFM)၏ ဥက္ကဋ္ဌရာထူး ခန့်အပ်ခံရချိန်မှစကာ ငွေကြေးအထောက်အပံ့များဖြင့် မြန်မာ့တင်းနစ်အဖွဲ့ချုပ် ပိုမိုတိုးတက်လာစေရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့သည်။ ဦးဇော်ဇော်သည် ၁၉၉၅ခုနှစ်မှစတင် ကာမြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် အထောက်အပံ့ပေးခဲ့သည်။ ၂၀ဝ၅ ခုနှစ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရချိန်မှစ၍ လက်ရှိအချိန်အထိဘောလုံးအားကစားနယ်ပယ်တွင် အံ့အားသင့်ဖွယ်ပြောင်းလဲမှုများကို ဖန်တီးဖော်ဆောင်နိုင်ခဲ့သည်။ ဦးဇော်ဇော်သည် လူငယ်ဘောလုံး အားကစားပွဲများအတွက်လည်း အလေးပေး အာရုံစိုက်ခဲ့သည်။ အခြေခံပညာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် လူငယ်ဘောလုံးသင်တန်းများ ပို့ချစေပြီး လူငယ်ဘောလုံးပြိုင်ပွဲဝင်ကစားသမားများနှင့် အခြေခံအဆင့် ပြိုင်ပွဲအစီအစဉ်များကို ဖန်တီးနိုင်ခဲ့သည်။ စတင်ဖွဲ့စည်းချိန်မှစ၍ ဧရာဝတီဖောင်ဒေးရှင်းသည် ကျန်ရှိသောအားကစားများအတွက် ကိုပါ အချိန်မရွေး၊နေရာမရွေးလိုအပ်သော ပံ့ပိုးကူညီမှုများ ပေးအပ်လျက်ရှိပါသည်။ ဘောလုံးအားကစားအတတ်ပညာနှင့် နည်းစနစ်များ၊ လေ့ကျင့်သင်ကြားမှုများအတွက် ရန်ကုန်နှင့်မန္တလေးတွင် ဘောလုံးအားကစား သင်တန်းကျောင်းများ ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။

 

sport2

အခြေခံ ဘောလုံးအားကစားပွဲတော်

ဧရာဝတီဖောင်ဒေးရှင်းသည် မြန်မာဘောလုံးအဖွဲ့ချုပ်အားအစဉ်တစိုက်ထောက်ပံ့လျက်ရှိပြီး ကျောင်းသားလူငယ်တို့အတွက်အခြေခံဘောလုံး အားကစားပွဲတော်ကို စတင်ကျင်းပခဲ့သည်။ ပထမဦးဆုံး MFF AYA ဘောလုံးအားကစားပွဲကို ဇူလိုင်လ ၂၆ရက် ၂၀၁၄ခုနှစ် တွင် လူငယ်လေ့ကျင့်ရေးဌာနတွင်ကျောင်းသားဦးရေ ၁၂၀ဝ ဖြင့် စတင်ကျင်းပပြီး ဦးဇော်ဇော်မှ လှူဒါန်းသည့်ဆောက်လုပ်ပြီးစီးလုနီးနီး လူလုပ်မြက်ခင်းပြင်ဘောလုံးကွင်းများတွင် ယှဉ်ပြိုင်ကစားကြသည်။ ဧရာဝတီဖောင်ဒေးရှင်းမှ MFF သို့ လူနာတင်ယာဉ် တစ်စီးလှူဒါန်းပြီး ပါဝင်ကစားသူများအတွက် ဘောလုံးအစရှိသည်ဖြင့် လိုအပ်သောအထောက်အပံ့များ ပေးခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင်း MFF AYA ဘောလုံးအားကစား ပွဲတော်ကို ၆ ကြိမ်တိုင်တိုင် ကျင်းပပြီး ပြိုင်ပွဲအစီအစဉ်တစ်ခုစီတွင် ဒေသအသီးသီးမှ ကျောင်းသား ၂၀ဝ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။