Home Earthquake ငလျင်ဒဏ်သင့် ဒေသများသို့ ဧရာဝတီဖောင်ဒေးရှင်း၏ မေတ္တာဖြင့်မျှဝေခြင်း Donation Box များ လိုက်လံလှူဒါန်းပေးလျက်ရှိ
မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံတို့အတွက် ကုတင် (၂၀၀)ဆံ့ ယာယီဆေးရုံအား ဧရာဝတီဖောင်ဒေးရှင်းမှ တည်ဆောက်ဖွင့်လှစ်
April 10, 2025
မန္တလေးအရိုးအထူးကုဆေးရုံမှ ခွဲခန်းများ ပြန်လည်အသက်ဝင်
April 19, 2025
မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံတို့အတွက် ကုတင် (၂၀၀)ဆံ့ ယာယီဆေးရုံအား ဧရာဝတီဖောင်ဒေးရှင်းမှ တည်ဆောက်ဖွင့်လှစ်
April 10, 2025
မန္တလေးအရိုးအထူးကုဆေးရုံမှ ခွဲခန်းများ ပြန်လည်အသက်ဝင်
April 19, 2025

မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ တပ်ကုန်း၊ ပျဉ်းမနား၊ ရမည်းသင်း၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ ပလိပ်၊ စဉ့်ကိုင်၊ တံတားဦး အစရှိသော ဒေသတို့ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည့် ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများထံသို့ ဧရာဝတီဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများက ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ မေတ္တာဖြင့်မျှဝေခြင်း အစီအစဉ်အဖြစ် ပစ္စည်းအစုံအလင်ပါ (Donation Box) များကို လိုက်လံလှူဒါန်းပေးလျက်ရှိပါသည်။

အဆိုပါ Donation Box များတွင် ဆန်၊ ဆီ၊ Alpine သောက်ရေသန့်၊ ငါးသေတ္တာ၊ လက်ဖက်အကြော်၊ ကုလားပဲခြမ်း၊ ကြက်ဥ၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ခြုံစောင်၊ ရေခွက်၊ ဆပ်ပြာ၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ စတီးဇလုံ၊ ဇွန်း၊ ဒဏ်ကြေလိမ်းဆေး၊ ဓာတ်ဆားနှင့် အချို့သော ဆေးဝါးများပါဝင်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ယနေ့ထိတိုင် စုစုပေါင်း Donation Box (၁၁၀၀၀)ကျော်၊ ငွေကျပ်တန်ဖိုး သိန်းပေါင်း (၁၁၀၀၀)ကျော်ကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။