ငလျင်ဒဏ်သင့် မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးနှင့် ဘုရားကြီး ပတ်ဝန်းကျင်နေရာများအား စက်ယာဉ်ယန္တရားများဖြင့်ရှင်းလင်း

ငလျင်ဒဏ်သင့် မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးနှင့် ဘုရားကြီး ပတ်ဝန်းကျင်နေရာများ၊ မစိုးရိမ်တိုက်သစ် (၆)ထပ်ကျောင်းဆောင်၊ ဆွမ်းဦးပုညရှင်စေတီ‌တော်ကြီးနှင့် စစ်ကိုင်း ဇေယျာသီရိရုပ်ရှင်ရုံအနီး ပြိုကျခဲ့သည့် အဆောက်အဦများ၊ အပျက်အစီးများအပါအဝင် လူနေအိမ်များ၊ လမ်းများပေါ်ရှိ အပျက်အစီးများအား ရှင်းလင်းခြင်း လုပ်ငန်းများကို ဧရာဝတီဖောင်ဒေးရှင်းက စက်ယာဉ်ယန္တရားများဖြင့် နေ့စဉ် ကူညီရှင်းလင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
#AyeyarwadyFoundation