ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးကာ ထိခိုက်သေကြေဆုံးရှုံးမှု ကြီးမားခဲ့သည့် မန္တလေးမြို့ မစိုးရိမ်တိုက်ဟောင်း ဦးလှသိန်းဗိမာန် စာဖြေဆောင်တွင် ကယ်ဆယ်ရေးလုပ်ငန်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြသည့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများကို ဧရာဝတီဖောင်ဒေးရှင်းမှ ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့ပါသည်။
ဧရာဝတီဖောင်ဒေးရှင်းမှ ဦးဇော်ဇော်နှင့် အဖွဲ့သည် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ မနိဇလလူမှုကယ်ဆယ်ရေး၊ ဖေးကူလက်အသင်း၊ ကချင်ပြည်နယ် သခါလူမှုရေးအသင်း၊ သုခကာရီလူမှုကယ်ဆယ်ရေးအသင်းနှင့် စေတနာ့ဝန်ထမ်းများကို တွေ့ဆုံကျေးဇူးတင် အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့များအတွက် အစားအသောက်နှင့် စက်သုံးဆီ စီမံဆောင်ရွက်ပေးခြင်း၊ ငလျင်ဒဏ်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည့် သံဃာတော်များအပါအဝင် ဆေးကုသမှုခံယူလျက်ရှိသည့် သံဃာတော်များအတွက် လှူဒါန်းခြင်းတို့ အပါအဝင် စုစုပေါင်း ငွေကျပ် သိန်း(၁၀၀၀) ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
The Ayeyarwady Foundation provides support to rescue teams and injured monks at Mandalay’s Masoeyein Monastery (U Hla Thein Adobe)
Following the devastating earthquake that caused severe destruction and loss of life at Mandalay’s MaSoeYein Monastery (U Hla Thein Abode), rescue operations continue at the affected site. In response, the Ayeyarwady Foundation has extended support to rescue organizations, volunteers, and injured monks receiving medical treatment.
Led by U Zaw Zaw, the Ayeyarwady Foundation team met with Myanmar Social Rescue Association, Manizala Social Rescue, Phay Kuu Let Association, Kachin State Thakhah Social Organization, Thukha Kari Social Rescue, and other volunteers. The Ayeyarwady Foundation team expressed gratitude for their efforts, provided financial support, and arranged food and fuel for international rescue teams. Additionally, donations were made to injured monks, including those who suffered limb loss due to the earthquake.
In total, the foundation contributed MMK 100 million to aid ongoing rescue and relief efforts.
#AyeyarwadyFoundation