မန္တလေးမစိုးရိမ် တိုက်သစ် စက်ယန္တရားဖြင့် ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မန္တလေးမစိုးရိမ် တိုက်သစ် စက်ယန္တရားဖြင့် ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ~ သံဃာတော်များအတွက် ကျပ်သိန်း(၁၄၀၀) လှူဒါန်း

ဧရာဝတီဖောင်ဒေးရှင်းသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် စာသင်တိုက်အား မန္တလေး မြို့တော်စည်ပင်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင်၍ စက်ယာဉ်ယန္တရားများ၊ Max Myanmar Construction မှ Supervisor, Operator တို့ဖြင့် တာဝန်ယူရှင်းလင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အတူ ကျောင်းဆောင်ကြီးပြိုကျမှုကြောင့် ပျံလွန်တော်မူခဲ့သည့် သံဃာတော် (၂၆)ပါး၊ ဆေးကုသမှုခံယူနေသည့် ဒဏ်ရာရ သံဃာတော် (၄၉)ပါးအတွက် ကျပ်သိန်း (၇၅၀)၊ စာသင်သား သံဃာတော်အပါး (၅၀၀)အတွက် ကျပ်သိန်း (၁၅၀)နှင့် ဆွမ်း (၁၀)ရက်စာ အတွက် ကျပ်သိန်း (၃၅၀)၊ ဆန်အိတ် (၂၅၀)၊ စုစုပေါင်း ငွေကျပ် သိန်း(၁၄၀၀)ကို လှူဒါန်းခဲ့ပါသည်။

#AyeyarwadyFoundation