Home Posts tagged "#ReliefRecoveryRebuilding"
May 19, 2025

ဧရာဝတီဖောင်ဒေးရှင်းမှ ငလျင်ဒဏ်သင့် စစ်ကိုင်းပြည်သူ့ဆေးရုံအား ပံ့ပိုးကူညီမှု ဆောင်ရွက်

ငလျင်ဒဏ်သင့် စစ်ကိုင်းပြည်သူ့ဆေးရုံရှိ ခွဲစိတ်ခန်းများနှင့် သားဖွားခန်းများ အမြန်ပြန်လည်အသုံးပြုနိုင်ရန်အတွက် ဆရာဝန်၊ ဆရာမများနှင့် အတူလက်တွဲ၍ ဧရာဝတီဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါသည်။ https://www.ayeyarwadyfoundation.org/wp-content/uploads/2025/05/SGH_19_May_25.mp4 ငလျင်ဒဏ်သင့် စစ်ကိုင်းပြည်သူ့ဆေးရုံရှိ ခွဲစိတ်ခန်းများနှင့် သားဖွားခန်းများ အမြန်ပြန်လည်အသုံးပြုနိုင်ရန်အတွက် ဆရာဝန်၊ ဆရာမများနှင့် အတူလက်တွဲ၍ ဧရာဝတီဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါသည်။
May 10, 2025

မန္တလေးပြည်သူ့ဆေးရုံကြီး ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ယူပြင်ဆင်ဆောင်ရွက်

https://www.ayeyarwadyfoundation.org/wp-content/uploads/2025/05/MGH_10_May_25.mp4 ငလျင်ဒဏ်‌သင့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉)ထပ်ဆောင် အမြန်ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် ဆရာဝန်၊ ဆရာမများနှင့်အတူ လက်တွဲ၍ ဧရာဝတီဖောင်ဒေးရှင်းမှ အင်ဂျင်နီယာနှင့် ကျွမ်းကျင်လုပ်သား (၂၀၀)ကျော်တို့က မေတ္တာဖြင့် တာဝန်ယူပြင်ဆင်ဆောင်ရွက်ပေးခဲ့ပြီး ယနေ့နံနက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါသည်။
May 1, 2025

စစ်ကိုင်း ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးရှိ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည့် အပျက်အစီးများ ရှင်းလင်းခြင်း

စစ်ကိုင်း ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးရှိ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည့် အပျက်အစီးများ ရှင်းလင်းခြင်းနှင့် စေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို စက်ယာဉ်ယန္တရား၊ ကရိန်းများဖြင့် ဧရာဝတီဖောင်ဒေးရှင်းမှ စတင်တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။
May 1, 2025

မန္တလေးပြည်သူ့ဆေးရုံကြီး (၉)ထပ်ဆောင် ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် ဧရာဝတီဖောင်ဒေးရှင်းက ဆက်လက်တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိ

မန္တလေးပြည်သူ့ဆေးရုံကြီး (၉)ထပ်ဆောင် ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် အပျက်အစီးများ ရှင်းလင်းခြင်း၊ ပျက်စီးခဲ့သည့် အစိတ်အပိုင်းများ ပြုပြင်မွမ်းမံပေးခြင်း၊ လိုအပ်သည့် အဲကွန်းများ ဖြည့်စွက်တပ်ဆင်ပေးခြင်း၊ M&E လုပ်ငန်းများ စစ်ဆေးပြုပြင်ပေးခြင်းနှင့် သန့်ရှင်းရေးတို့ကို ဧရာဝတီဖောင်ဒေးရှင်းက ဆက်လက်တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပါသည်။