Home Articles posted byproject-coordinator
August 5, 2026

လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ဧရာဝတီဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့လှူဒါန်း

ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ ရေကျော်စီးဝင်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် အိုင်သပြုကျေးရွာသို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် အခက်အခဲများ ကြုံတွေ့နေရသော ပြည်သူများထံ လိုအပ်သော ကူညီထောက်ပံ့မှုများကို […]
July 14, 2026

၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ အချိန်အခါတွင် ကိုဗစ်-၁၉ လူနာများ ယာယီကုသရေးအတွက် ဧရာဝတီစင်တာ (Ayeyarwady Center) ပြုလုပ်ခဲ့သည့် ပုံရိပ်များ

၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ အချိန်အခါတွင် ကိုဗစ်-၁၉ လူနာများ ယာယီကုသရေးအတွက် ဧရာဝတီစင်တာ (Ayeyarwady Center) ပြုလုပ်ခဲ့သည့် ပုံရိပ်များ ဖစ်ပါသည်။ https://youtu.be/kYB8upu-j28
July 14, 2026

ဧရာဝတီစင်တာ ICU/HDU Critical Care Unit မှ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုကျေးဇူးတင်လွှာ

၂၀၂၀ ခုနှစ် ဧရာဝတီစင်တာ ICU/HDU Critical Care Unit (၁၂၅) ကုတင်တွင် အရေးပေါ်လူနာများကို အနစ်နာခံ၊ အပင်ပန်းခံကာ အနီးကပ်ကြပ်မတ် ကုသစောင့်ရှောက်ပေးခဲ့ကြသော ဆရာဝန်များ၊ သူနာပြုများ၊ စေတနာ့ဝန်ထမ်းများနှင့် အလှူရှင်များ ဂုဏ်ယူလေးစားစွာဖြင့် ကျေးဇူးတင်ရှိပါသည်။ https://youtu.be/8UkAqolM_M8
June 12, 2025

ဧရာဝတီဖောင်ဒေးရှင်းအတွက် Otsuka Myanmar Co., Ltd & Pocari Sweat Charity Runners များမှ ကျပ် (၁၆,၁၆၅,၂၀၀) အား လှူဒါန်း

မြန်မာနိုင်ငံတစ်ဝှမ်းရှိ ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ဝိုင်းဝန်းကူညီပေးလျက်ရှိသော ဧရာဝတီဖောင်ဒေးရှင်းအတွက် Otsuka Myanmar Co., Ltd & Pocari Sweat Charity Runners များမှ ကျပ် (၁၆,၁၆၅,၂၀၀) အား စေတနာထက်သန်စွာဖြင့် ပံ့ပိုးကူညီ လှူဒါန်းပေးခဲ့ပါသည်။ ယခုကဲ့သို့ ပံ့ပိုးကူညီပေးခြင်းအတွက် […]
May 19, 2025

ဧရာဝတီဖောင်ဒေးရှင်းမှ ငလျင်ဒဏ်သင့် စစ်ကိုင်းပြည်သူ့ဆေးရုံအား ပံ့ပိုးကူညီမှု ဆောင်ရွက်

ငလျင်ဒဏ်သင့် စစ်ကိုင်းပြည်သူ့ဆေးရုံရှိ ခွဲစိတ်ခန်းများနှင့် သားဖွားခန်းများ အမြန်ပြန်လည်အသုံးပြုနိုင်ရန်အတွက် ဆရာဝန်၊ ဆရာမများနှင့် အတူလက်တွဲ၍ ဧရာဝတီဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါသည်။ https://www.ayeyarwadyfoundation.org/wp-content/uploads/2025/05/SGH_19_May_25.mp4 ငလျင်ဒဏ်သင့် စစ်ကိုင်းပြည်သူ့ဆေးရုံရှိ ခွဲစိတ်ခန်းများနှင့် သားဖွားခန်းများ အမြန်ပြန်လည်အသုံးပြုနိုင်ရန်အတွက် ဆရာဝန်၊ ဆရာမများနှင့် အတူလက်တွဲ၍ ဧရာဝတီဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါသည်။
May 14, 2025

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ ကျောက်ကပ်ဆေးစက် (၃)လုံးလှူဒါန်း

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ Nikkiso DBB-27 (Hemodialysis Machine) ကျောက်ကပ်ဆေးစက် (၃)လုံးနှင့် ဆက်စပ်ပစ္စည်းများကို ဧရာဝတီဖောင်ဒေးရှင်းက လှူဒါန်းခဲ့ပါသည်။
May 10, 2025

မန္တလေးပြည်သူ့ဆေးရုံကြီး ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ယူပြင်ဆင်ဆောင်ရွက်

https://www.ayeyarwadyfoundation.org/wp-content/uploads/2025/05/MGH_10_May_25.mp4 ငလျင်ဒဏ်‌သင့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉)ထပ်ဆောင် အမြန်ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် ဆရာဝန်၊ ဆရာမများနှင့်အတူ လက်တွဲ၍ ဧရာဝတီဖောင်ဒေးရှင်းမှ အင်ဂျင်နီယာနှင့် ကျွမ်းကျင်လုပ်သား (၂၀၀)ကျော်တို့က မေတ္တာဖြင့် တာဝန်ယူပြင်ဆင်ဆောင်ရွက်ပေးခဲ့ပြီး ယနေ့နံနက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါသည်။
May 7, 2025

ရန်ကင်းကလေးဆေးရုံကြီးအတွက် Liquid Oxygen Plant နှင့် Oxygen Generator တို့ တပ်ဆင်လှူဒါန်း

၂၀၁၁ခုနှစ်တွင် ဧရာဝတီဖောင်ဒေးရှင်းက ပြုပြင်တည်ဆောက် လှူဒါန်းခဲ့သည့် ကုတင်(၅၅၀)ဆံ့ ရန်ကင်းကလေးဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေကြသော လူနာများအတွက် အောက်စီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် ဧရာဝတီဖောင်ဒေးရှင်းက Liquid Oxygen Type တန်(၂၀) Oxygen Plant တစ်လုံးနှင့် Container Type Oxygen Generator တို့ကိုတည်ဆောက် လှူဒါန်းထားပြီး ဆက်စပ်လိုအပ်သော Liquid […]
May 4, 2025

မန္တလေးနှင့် စစ်ကိုင်းရှိ ငလျင်ဒဏ်သင့် အဆောင်အဦများ ဖြိုဖျက်ရှင်းလင်းခြင်း

မန္တလေးနှင့် စစ်ကိုင်းရှိ ငလျင်ဒဏ်သင့် အဆောင်အဦများ ဖြိုဖျက်ရှင်းလင်းခြင်းနှင့် ပြန်လည်မွမ်းမံခြင်း လုပ်ငန်းများအတွက် ဧရာဝတီဖောင်ဒေးရှင်းက စက်ယာဉ်ယန္တရားများဖြင့် ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်လျက်ရှိပါသည်။