မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံတို့အတွက် ကုတင် (၂၀၀)ဆံ့ ယာယီဆေးရုံအား ဧရာဝတီဖောင်ဒေးရှင်းမှ တည်ဆောက်ဖွင့်လှစ်

ဧရာဝတီဖောင်ဒေးရှင်းသည် ငလျင်ဒဏ်သင့် မန္တလေးမြို့ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံတို့အတွက် ကုတင်(၂၀၀)ဆံ့ ယာယီဆေးရုံများကို ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ လက်တွဲ၍ အလျင်အမြန် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ ဆေးရုံကြီးအတွက် HDU (၁၂)ကုတင်ပါ ကုတင်(၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၆)ရက်နေ့တွင် လည်းကောင်း၊ မန္တလေး ကန်တော်နဒီပြည်သူ့ဆေးရုံအတွက် HDU (၆)ကုတင်ပါ ကုတင် (၁၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၈)ရက်နေ့တွင် လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ မန္တလေး အရိုးအထူးကုဆေးရုံကြီးနှင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် ကုတင်(၁၀၀) ယာယီဆေးရုံ တစ်ခုစီကိုလည်း အမြန်ဆုံး ထပ်မံ ဖွင့်လှစ်နိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ယခုကဲ့သို့ ယာယီဆေးရုံများ တည်ဆောက်ဖွင့်လှစ်နိုင်ရန်အတွက် အဖက်ဖက်မှ ဝိုင်းဝန်ကူညီပေးခဲ့သူများ အားလုံးကို ဧရာဝတီဖောင်ဒေးရှင်းမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

A 200-bed temporary hospital for Mandalay General Hospital and Kandaw Nandi Hospital was constructed and opened by the Ayeyarwady Foundation

The Ayeyarwady Foundation, in collaboration with the Ministry of Health, was able to swiftly construct and open 200-bed temporary hospitals for Mandalay General Hospital and Kandaw Nandi Hospital in Mandalay, which were affected by the earthquake.

A 50-bed temporary hospital, including 12 HDU beds, was opened on April 6 for the earthquake-affected Mandalay General Hospital, and a 150-bed temporary hospital, including 6 HDU beds, was opened on April 8 for Mandalay Kandaw Nandi General Hospital. Efforts are also ongoing to swiftly open additional 100-bed temporary hospitals for both Mandalay Orthopedic Specialist Hospital and Sagaing Township General Hospital.

The Ayeyarwady Foundation extends its heartfelt gratitude to all volunteers who collaborated and provided support in making the construction and opening of these temporary hospitals possible.

#AyeyarwadyFoundation